Saturday, January 30th, 2010 | Author: admin

မဟာသက္ကရာဇ်အကြောင်းလေးကို နည်းနည်းလေး ရေးချင်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီး တရားကို နာဖြစ်ရင်း.မဟာသက္ကရာဇ်အကြာင်းလေးကို နာဖြစ်လိုက်လို့ ရှယ်လိုက်တာပါ။
တရားတော်အမည်……ကဆုန်လပြည့်နေ့တရား
အချိန်………………..၁၃၆၂ ခုနှစ်၊ ကဆုန်လဆန်း (၁၃)
နေရာ………………..ရန်ကုန်
Download Location:Dhamma web

သက္ကရာဇ်… ဆိုသည်မှာ….သက္က မင်းတို့ရေတွက်သောနှစ် ဖြစ်ပါတယ်။
သက္ကရာဇ် = သက္က + ရာဇာ(မင်း)
သက္က ရာဇာ ဆိုသည်မှာ ဘုရားရှင်၏ အမျိုးများကို ခေါ်ဝေါ်ပါတယ်။ (ဘုရားရှင် ကိုယ်တော်မြတ်၏ အမေမျိုး အဖေမျိုးတွေ အားလုံးပါဝင်ပါတယ်)
ကမ္ဘာဦးနှစ်ကို စပြီးရေတွက်သူကတော့ မဟာသမ္မတ မင်းကြီးဖြစ်ပါတယ်..
ကောလိယတိုင်း ဒေ၀ဒဟမြို့မှာ နန်းစိုက်သော အဉ္ဇနမင်းကြီးက..သူနန်းတက်တဲ့အခါ.. ကမ္ဘာဦးနှစ်တို့ကို ဖြိုလိုက်ပြီး….မဟာသက္ကရာဇ်ကို စတင်ရေတွက်လာခဲ့ပါတယ်။
အဆိုပါ အဉ္ဇနမင်းကြီးကတော့ …
ဘုရားရှင်၏ မယ်တော် …..မဟာမယာဒေ၀ီ ရဲ့ အဖေ ပဲ ဖြစ်ပါတယ်။
ဘုရားရှင်၏ ဖခမည်းတော်..သုဒ္ဓေါဒန မင်းကြီးရဲ့ အဖေက..သီဟဟနု မင်းကြီးဖြစ်ပါတယ်။
အဲတော့ ဘုရားရှင်ရဲ့ အမေဘက်က..အဘိုးဖြစ်သူ…အဉ္ဇန မင်းကြီးကနေ.မဟာသက္ကရာဇ် ကို စတင် ရေတွက်ခဲ့ပါတယ်။

ဆရာတော်ကြီးတရားနာလိုက်မှပဲ သက္ကရာဇ်မှာလည်း… သူ့အဓိပ္ပါယ်နဲ့ သူ ရှိတယ်ဆိုတာ သိတော့တယ်။
သက္ကရာဇ်ရဲ့ အဓိပ္ပါယ်ဟာ တော်တော်ကို အရေးကြီးတာပဲ။
သက္ကရာဇ်ကို ခရစ်နှစ်နဲ့ မရောသင့်ကြောင်း ဆရာတော်ကြီးတရားထဲမှာ ဟောထားပါသေးတယ်။
သက္ကရာဇ် (၂၀၁၀) ဆိုရင်…(မှားပါတယ်)
၂၀၁၀ ဆိုတာ ခရစ်နှစ် ဖြစ်တဲ့အတွက် ခရစ်နှစ်လို့ပဲ ရှင်းရှင်းလင်းလင်းသုံးသင့်ပါတယ်..မရောသင့်ပါဘူး…

ဆရာတော်ကြီးရဲ့ တရားကို အောက်မှာ ကျွန်တော် တင်လိုက်ပါတယ်။ (တရားတပုဒ်လုံးက အရှည်ကြီးဖြစ်လို့ မဟာသက္ကရာဇ်အကြောင်းပြောတဲ့ အပိုင်းလေးကို ဖြတ်ဆက်ပြီး တင်ပေးလိုက်ပါတယ်)
နာဖြစ်အောင် နာကြည့်ကြပါခင်ဗျား…………




Wednesday, January 27th, 2010 | Author: admin

ဗောဓိညောင်ပင်အောက်မှာ..မြတ်ဗုဒ္ဓအလောင်းတော်မြတ်ရဲ့ “သမ္မာသမ္ဗုဒ္ဓအဖြစ်ကို ရအောင်ယူမည်” ဟု ခိုင်ခိုင်မြဲမြဲ ဆုံးဖြတ်တော်မူစဉ်က. အဓိဋ္ဌာန်တော်ကြီးကို english လိုစာသားလေးအဖြစ်နဲ့ ကြည်ညိုကြည့်ပါဦး..English နဲ့ Myanmar တွဲဖက်လိုက်တော့ ဗဟုသုတတွေတိုးပြီး မြတ်ဗုဒ္ဓကို အထူးပင်ထပ်၍ထပ်၍ ကြည်ညိုရအောင် ရေးသားလိုက်ပါသည်။ မြတ်ဗုဒ္ဓအကြောင်းလေးတွေ ပြန်ပြောင်းစဉ်းစားနေတာ ဗုဒ္ဓါနုဿတိ ပါပဲ။ လောကသုံးဘုံလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓကို လေးစားကြည်ညိုနေခြင်းက ရိုးအီ၍မသွားဘဲ အမြဲပဲ တိုးပွားနေပါတော့မယ်။…….

မြန်မာစာသား

ညောင်ပင်ရင်း၌ ထိုင်တော်မူကာ..အခုလို ဓိဋ္ဌာန်တော်မူပါသည်.


“အရိုးအကြောအရေမျှသာကျန်၍ အသားအသွေးတွေ ခြောက်သွားတန်လျှင် သွားပေစေတော့၊ ဗုဒ္ဓအဖြစ် မရောက်သမျှ ဤထိုင်နေခြင်းမှ မထတော့အံ့”

ဟု အဓိဋ္ဌာန်တော်မူလေသည်။(စာမျက်နှာ ၁၀၁၊ အနာဂတ်သာသနာရေး အရှင်ဇနကာဘိဝံသ)

In English

Crosslegged ascetic Gotama sat under a tree, which later became known as the Bodhi Tree, the “Tree of Enlightenment” or “Tree of Wisdom”, on the bank of the river Nerañjarā, at Gayā (now known as Buddhagayā), making the final effort with the inflexible resolution:


“Though only my skin, sinews, and bones remain, and my blood and flesh dry up and wither away, yet will I never stir from this seat until I have attained full enlightenment (sammā-sambodhi).”

Page-17, The Buddha, His Life and Teachings By Ven. Piyadassi, Thera (Sri Lanka)

Some Glossaries

  1. ascetic (adj.) characterized by the practice of severe self-discipline. [oxford]
  2. inflexible (adj.) unwilling to change; not able to be changed or adapted. [oxford]
  3. resolution (n.) a firm decision (အဓိဋ္ဌာန်) [oxford]
  4. sinew (n.) a strong band of tissue in the body that joins a muscle to a bone. [oxford]
  5. wither away (v.) to become less or weaker, especially before disappering completely: [oxford]
  6. Enlightenment (n.) ဗောဓိ (သမ္မာသမ္ဗောဓိ) [Eng-Pali-Myan Dict.]
Tuesday, January 26th, 2010 | Author: admin

ashinnyanissara-pilgrimagetogandharaorpakistan-214x3001
ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါပြတိုက်ရှိ ဗုဒ္ဓဆင်းတုတော်
[pic source: စာမျက်နှာ ၄၁၊ အရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်]

ဥရုဝေဠတော၌ ဘုရားလောင်းတော်သည် ဒုက္ကရစရိယာအကျင့် (superhuman effort) ကို ခြောက်နှစ်နီးနီးကျင့်ခဲ့သည်။ ထိုစဉ်က ကျင့်ခဲ့သော အကျင့်ကိုပင် အနသန၀တ္တ အကျင့်ဟုခေါ်သည်။
(အန်=မ ၊ အသန=မစားခြင်း ၊ ၀တ္တ=အကျင့်) (ဦးရွှေအောင်-ဗုဒ္ဓသို့အနှိုင်းမဲ့ စာ-၁၆)
သို့ပေမယ့် တရားထူးကို မရသေးပေ။ အလွန်အင်မတန်လည်း ပင်ပန်းဆင်းရဲခဲ့ပြီ။ (လောကတွင် မည်သူပဲဖြစ်ဖြစ် ဇွဲကြီးသည် ဆန္ဒပြင်းပြသည် ပြင်းထန်စွာ ကြိုးစားသည်ဆိုဦးတော့ ဘုရားအလောင်းတော်၏ ကြိုးစားအားထုတ်မှု လုံ့လ ၀ီရိယတို့ကိုကား တစ်ဦးတစ်ယောက်တစ်ပါးလေမျှ မယှဉ်နိုင်ပေ။) ဒုက္ကရစရိယာကျင့်စဉ်အတွင်း ဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်ကြီးနှင့်ဝေးနေခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော် သည် အောက်ပါအတိုင်း ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။

more…

Thursday, January 21st, 2010 | Author: admin

dukkaracariya
[ pic source: စာမျက်နှာ ၆၁၊ ဂန္ဓာရသို့ခရီးတစ်ခေါက် - ဒေါက်တာအရှင်ဥာဏိဿရ ]
(အထက်ပါ ကျောက်ဆစ်ဆင်းတုတော်မှာ အထင်ရှားဆုံး ဘုရားအလောင်းတော်မြတ်၏ ဒုက္ကရစရိယာကျင့်တော်မူခြင်း ပုံတော်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် တည်ရှိသည်။ )

အရှင်ဇနကာဘိဝံသ ၏ ဘာသာသွေး စာအုပ်လေးမှ ဘုရားအလောင်းတော်မြတ်ရဲ့ ဒုက္ကရစရိယာကျင့်တော်မူခြင်း ကို ဖတ်ပြီး မြတ်ဗုဒ္ဓအား ပို၍ပို၍ ပင် ကြည်ညိုရပါသည်။ သဒ္ဓါတရား ယုံကြည်မှုများ ကျွန်တော် တိုးပွားမိပါသည်။ မိတ်ဆွေအပေါင်းတို့လည်း ဗုဒ္ဓရှင်တော်ရဲ့..ကြိုးစားအားထုတ်ခဲ့မှုများကို အမှတ်ရပြီး ကြည်ညိုနိုင်အောင် ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါသည်။ ထို ဒုက္ကရစရိယာကျင့်တော်မူခြင်းကိုဖတ်ခြင်းဖြင့်.. မြတ်ဗုဒ္ဓရဲ့ ကျွန်တော်တို့ အပေါ်၌ထားရှိခဲ့သော..စေတနာများကို ထင်ရှားစွာ သိနိုင်ပါသည်။ အမှန်တရားသစ္စာတရားမြတ်များကို ဟောပြောလိုသော.. သတ္တ၀ါဝေနေယျတို့အား.သိစေချင်သော..ဆန္ဒကြီးများသည် အလွန်ပင်ကြည်ညိုလေးစားဖွယ်ကောင်းပါတယ်။

သစ္စာလေးပါး = သနန္တရ (ထာဝစဉ်တည်ရှိနေသော ဓမ္မ)

[ဆရာကြီးဦးရွှေအောင် ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း စာ-၁၁]
သစ္စာလေးပါးမြတ်တရားများသည် ဘုရားမပွင့်သော်လည်းပဲ အစကတည်းက ရှိပြီးသားဖြစ်ပါသည်။ မြတ်ဗုဒ္ဓအလောင်းတော်မြတ် ထိုကဲ့သို့ ကြိုးစားအားမထုတ်ခဲ့လျှင် ကျွန်တော်တို့သည် ထိုတရားမြတ်များကို ဘယ်လိုမှမသိနိုင်ပေ အဘယ်သူမှ သင်မပြနိုင်ပါ ။ ထိုတရားမြတ်များ လုံးဝပင်မရှိဘူးဟု မှတ်ယူထားကြပါလိမ့်သည်။ မြတ်ဗုဒ္ဓသည် ထိုရှိနေပြီးသား အမှန်တရားမြတ်များကို သိသာအောင် ဖော်ဆောင်ပေးခဲ့သည်။ ဆရာကြီးဦးရွှေအောင်အဆိုပါစာအုပ်ထဲ၌ပင် မြတ်ဗုဒ္ဓဆိုသည်မှာ ၀ါဒအဟောင်းကို ဖော်ထုတ်သူ ဟုဖော်ပြထားသည်။ ထိုသစ္စာလေးပါးတရားများကို သတ္တ၀ါဝေနေယျတို့အား သိရှိစေရန် နာကြားခွင့်ရစေရန် ကျင့်သုံးခွင့်ရစေရန် အမှန်ပင်အေးမျှသောနိဗ္ဗာန်ပြည်သို့မျက်မောက်ပြုနိုင်ကြရန်…ဆောင်ကြဉ်းပေးနိုင်သော ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓသာလျှင်ဖြစ်ပေသည်။ ထိုကဲ့သို့ ဆောင်ကြဉ်းပေးနိုင်ရန် ဘုရားအလောင်းတော်သည်..အပင်ပန်းခံ အဆင်းရဲခံပြီး အောက်ပါအတိုင်း..ဒုက္ကရစရိယာကျင့်တော်မူခဲ့သည်။

more…

Wednesday, December 30th, 2009 | Author: admin

ဒီပို့စ်ကတော့ အရှေ့က ပို့စ်ရဲ့ အဆက်လို့ဆိုနိုင်ပါတယ်။
မြတ်ဗုဒ္ဓ၏ သင်္ကေတအမှတ်အသားတို့ကို ဥဒ္ဒိဿကဘုရားများလို့ခေါ်ပါတယ်။
ဥဒ္ဒိဿကဘုရား ဆိုသည်မှာ ဘုရား၏ကိုယ်စားရည်မှန်းပူဇော်ဖို့ အမှတ်အသား ဖြစ်ပါတယ်။
ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၇၀၀ လောက် မှစတင်ပြီး ဗုဒ္ဓဆင်းတုတော်များထုလုပ်ကိုးကွယ်ကြတာပါ။ (စာမျက်နှာ ၂၁၈ သီတဂူဆရာတော်ဘုရားကြီးအရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်)။ ၎င်းမတိုင်မီက ဆင်းတုတော်များ ထုလုပ်ခြင်းမရှိသေးပဲ ဥဒ္ဒိဿကဘုရားအဖြစ်သာ ဗုဒ္ဓကို ကိုးကွယ်ခဲ့ကြပါတယ်။
ဥဒ္ဒိဿကဘုရားတွေရဲ့ အစပထမကတော့..အရှင်အာနန္ဒာဟာ..မြတ်စွာဘုရား ကျောင်းတွင် မရှိခိုက် ဘုရားကိုယ်စား ရည်မှန်း ပူဇော်ခွင့် ရအောင် မူလ မဟာဗောဓိပင်ကြီးမှ မျိုးကိုဆောင်ယူပြီး..ဗောဓိပင်ပွားကို ကောသလတိုင်း သာဝတ္ထိမြို့ရဲ့..ဇေတ၀န်ကျောင်းမှာ စိုက်ပျိုးခဲ့ပါတယ်။ အဲဒီဗောဓိပင်ကို အာနန္ဒာဗောဓိပင်လို့ခေါ်တွင်ပါတယ်။ ဒါကြောင့်..
မူလမဟာဗောဓိပင်ကြီး………..ပရိဘောဂစေတီ (ဘုရားမှီရာအသုံးအဆောင်)
အာနန္ဒာဗောဓိပင်……………..ဥဒ္ဒိဿကဘုရား၊ ဗောဓိပွား၊ စေတီပွား ..လို့ခေါ်ဆိုပါတယ်။
ဥဒ္ဒိဿကဘုရားအမှတ်အသားများကို State of Madhya Pradesh, India မှာရှိတဲ့ ဆန်ချီ (sanchi) ထူပါ(စေတီတော်)မှာ တွေ့နိုင်ပါတယ်။

sanchi
ဆန်ချီစေတီတော်မုဒ်ဝရှိဥဒ္ဒိဿကဘုရားအမှတ်အသားများ(source: http://commons.wikimedia.org/wiki/File:Northern_Gate,_Sanchi_Stupa_built_in_3rd_century_BC.jpg)


more…

Tuesday, December 22nd, 2009 | Author: admin

ကျွန်တော်မှာရှိတဲ့စာအုပ်များကို တင်ချင်လာတာလို့..တစုတစည်းထဲအဖြစ်နဲ့.တင်ထားလိုက်ပါတယ်။

pahtann

ခင်မောင်အေး-ရောင်စုံရုပ်ပြပဋ္ဌာန်း

abhidhamma

ဒေါက်တာမင်းတင်မွန်-ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်

myatbuddha

ဒေါက်တာမင်းတင်မွန်-မြတ်ဗုဒ္ဓ

dhammacetkyar

ဖားအောက်တောရဆရာတော်-ဓမ္မစကြာ

mileinda

မာဝဏ-မိလိန္ဒပဥှာ

patasathamopadacircle

မိုးကုတ်ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း

mogok1

မိုးကုတ်ယောဂီလက်စွဲ(၁)

mogok2

မိုးကုတ်ယောဂီလက်စွဲ(၂)

phyarponsayardaw

ဖျာပုံတိုက်သစ်ဆရာတော်-သုတေသနသရုပ်ပြအဘိဓာန်

mogokbio

မိုးကုတ်ဝိပဿနာအဖွဲ့-မိုးကုတ်ဆရာတော်ထေရုပ္ပတ္တိနှင့်ကျင့်စဉ်

mogokthonnyatayar


မိုးကုတ်ဝိပဿနာအဖွဲ့-သုညတတရား

ledi-7days

လယ်တီဆရာတော်ဘုရားကြီး-ခုနှစ်နေ့ဘုရားရှိခိုး

ledicompound
လယ်တီဆရာတော်ဘုရားကြီး-ဒီပနီပေါင်းချုပ်
ledioverseaask
လယ်တီဆရာတော်ဘုရားကြီး-နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်
ledinationask
လယ်တီဆရာတော်ဘုရားကြီး-နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်
ledinibbna
လယ်တီဆရာတော်ဘုရားကြီး-နိဗ္ဗာန်တရားတော်များ
leditriplegems
လယ်တီမဟာသရဏဂုံတော်ကြီး
insightmeditation
ဝိပဿနာအလုပ်ပေးတရားတော်ကြီး
goodbuddhist
သာသနာရေးဝန်ကြီးဌာန-ဗုဒ္ဓဘာသာကောင်းတစ်ယောက်
buddhismconv
သံဂါယနာသမိုင်းစုံ
pwintdawmuyar
အရှင်ကေလာသ-မြတ်ဗုဒ္ဓပွင့်တော်မူရာ
donatingtemple
အရှင်ဆန္ဒာဓိက-ကျောင်းလှူသူသည်
ကောင်းကျိုးချမ်းသာအားလုံး
လှူရာရောက်သည်
tayartayat
အရှင်ဆန္ဒာဓိက-တစ်ရာနှင့်တစ်ရက်
sandardika2
အရှင်ဆန္ဒာဓိက-နို့နှစ်လုံးဖိုးကျေပါတယ်
sandardika3
အရှင်ဆန္ဒာဓိက-လူပျိုဘုရားမရှိ
withoutmeat
အရှင်ဆန္ဒဓိက-သက်သတ်လွတ်နှင့်ကုသိုလ်စိတ်
monk
အရှင်ဆန္ဒာဓိက-အနှိုင်းမဲ့ရဟန်း
luck
အရှင်ဆန္ဒာဓိက-အနှိုင်းမဲ့လာဘ်
kokyintabidhammar
အရှင်ဇနကာဘိဝံသ-ကိုယ်ကျင့်အဘိဓမ္မာ
dhammasatkyar
အရှင်ဇနကာဘိဝံသ-ဓမ္မစကြာတရားတော်
yadanagonyi
အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်
scienceopinionforabhidhamma
အရှင်ဇနကာဘိဝံသ-သိပ္ပံအမြင်နှင့်အဘိဓမ္မာ
pahtann2
အရှင်ဇနကာဘိဝံသ-အခြေပြုပဌာန်း
htayyawadamhat
အရှင်ဇ၀န-ထေရ၀ါဒမှတ်ကျောက်
ordinalryrealbuddhism
အရှင်ဇ၀န-မိရိုးဖလာနှင့်တကယ့်ဗုဒ္ဓဘာသာ
myatyae
အရှင်ဇ၀န-မျက်ရည်မကျခင်သိစေချင်
theravada
အရှင်ဧသိက-ထေရ၀ါဒဗုဒ္ဓဘာသာ
buddhawarda
အရှင်အရိယဓမ္မ-ဗုဒ္ဓ၀ါဒအမေးအဖြေ
usanlwinbuddhist
ဦးဆန်းလွင်-ဗုဒ္ဓဘာသာဝင်တို့ယုံကြည်တာ
sweaung2
ဦးရွှေအောင်-ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း
theravadafunda
ဦးရွှေအောင်-
ထေရ၀ါဒအုတ်မြစ်
sweaung3
ဦးရွှေအောင်-
ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့
barthar
အရှင်ဇနကာဘိဝံသ-ဘာသာသွေး
tharthanar
အရှင်ဇနကာဘိဝံသ-အနာဂတ်သာသနာရေး

စာအုပ်များကို.ဆက်လက်တင်နေပါတယ်……..

Sunday, December 13th, 2009 | Author: admin

finished
[image source: yelwinoo.com]

စေတီများ၏ မုဒ်ဝမှာ ရှိတဲ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်လို့ ရေးချင်ပါတယ်။ အဲ့ဒီ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်ပြီး မဟုတ်မမှန်ဇာတ်လမ်းတွေဖတ်မိလိုက်ရလို့ ရေးချင်လာမိတယ်..ဒီအတွက်အမှန်ကို..ကိုဖော်ပြချင်ပါတယ်။ မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) မှာ “ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု” ဆိုပြီး ပိုဒ့်တစ်ခု တင်ထားတာ ဖတ်လိုက်ရတယ်။ ဒီပို့စ်ကိုပဲ..ဓမ္မရတနာ(Google groups) မှာလဲ ထပ်တင်ထားတာတွေ့ရတယ်။ ရေးထားတာက..ဒီခြသေ့င်္ရုပ်ကြီးများရဲ့ နောက်ခံ သမိုင်းပါဆိုပြီးရေးထားပါတယ်။ သူရေးထားတဲ့အတိုင်း အကျဉ်းချုပ်ပြောရမယ်ဆိုရင်..
သီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သီဟဗာဟုနဲ့ သီဟသီဝလ ကိုမွေးပါတယ်။ နောက်တော့ သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို သတ်မိပါတယ်..သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်ပါတယ်..လို့ရေးထားပါတယ်။

အထက်ပါ ဇာတ်လမ်းသည် မမှန်ပါဘူးလို့ ပြောပါရစေ..
ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကို မကြာသေးမီကမှ ကျွန်တော်လည်း အရှင်ကောသလ္လတရားမှာ နာခဲ့ပါသေးတယ်။
တရားတော်အမည်…နှလုံးသားဝယ်ဘုရားတည် (၁)
ဆရာတော်…………အရှင်ကောသလ္လ(ဓမ္မစေတီဆရာတော်)
နေ့ရက်…………….၂၅.၁.၂၀၀၉
နေရာ………………မန္တလေး
ဒီတရားထဲမှာ ဆရာတော်က သင်္ကေတတွေနဲ့ပက်သက်ပြီး အခုလို သေချာရှင်းထားပါတယ်..

ရည်ညွှန်းချက် သင်္ကေတ
ဝါဆို သန္ဓေ ဆင်
တောထွက် မြင်း
ဓမ္မစက် (တရားဟော) စကြာ - လှည်းဘီး
ကဆုန် ဖွားမြင် ကြာ၊ နွား
ပွင့် (သစ္စာသိ) ဗောဓီပင် ၊ ခြသေ့င်္
စံ (ပရိနိဗ္ဗာန်) နွား ၊ ထူပါ
ဗျာဒိတ်ခံ ကြာ

Table 1: Dhamma talk by dhammaceti sayardaw
အဲလို ဇယားလေးနဲ့ ဆရာတော်က ရှင်းထားပါတယ်။

သင်္ကေတ ရည်ညွှန်းချက်
ကြာ မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။
နွား မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။
ဆင် မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။
မြင်း မြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်.
(တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာ ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္ သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..

Table 2: Dhamma notes at www.dhammaceti.org
အဲလို သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီးသားပါ။
ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်..ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကိုလိုက်ပါတယ်..ခြသေ့င်္နဲ့ မတူပါ..ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်..
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်..အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ သူတို့ ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ..လုပ်လို့လည်းမရပါ..ခန္ဓာဟူသော ဒုက္ခသစ္စာ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ..ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ..မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ..ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ..ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ် အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်..ဒီသဘောကိုပဲ ခြသေ့င်္ နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ..
အဓိပ္ပါယ်မရှိသော ဇာတ်လမ်းများနဲ့ ဘယ်လိုမှ မပက်သက်ပါဘူး။ ခြေလေးချောင်း သတ္တ၀ါနဲ့ ခြေနှစ်ချောင်း သတ္တ၀ါ ပေါင်းသင်းလို့ ကလေးမရနိုင်ပါဘူး…အဲလို မမှန်တဲ့ဇာတ်လမ်းကြောင့် ဗုဒ္ဓဘာသာ ဂုဏ်အရည်အချင်းများကို အထင်မှားစရာများ ဖြစ်ပါလိမ့်မယ်..ဘာမှမသိတဲ့ နိုင်ငံခြားသားတွေလည်း အထင်မှားစရာဖြစ်ပါလိမ့်မယ်..
အကြောင်းအရင်းမှန် အဓိပ္ပါယ်များကို ဖြန့်ဝေစေချင်ပါတယ်..
ဆရာတော်ရဲ့ တရားကို သူရဲ့ (Dhamaceti.org) web site ကနေ ဒေါင်းလုပ်ချပြီးနာနိုင်ပါတယ်.

Wednesday, December 02nd, 2009 | Author: admin

ကျွန်တော် အရင် ပို့စ်များတွင် ဗုဒ္ဓဘာသာကို သန့်ရှင်းစေဖို့ အတွက် ရည်ရွယ်ပြီးရေးသားခဲ့ပါသည်။ ကျွန်တော့် ဘလော့ဘ်၏ ရည်ရွယ်ချက်အတိုင်းပါပဲ…ဆရာလုပ်ချင်၍ မဟုတ်ပဲ ဗုဒ္ဓဘာသာထဲတွင် အခြားသော(မဆိုင်သော)ကိုးကွယ်မှုများဝင်လျှင် မိမိ၏ ယုံကြည်မှု၊ ကိုးကွယ်မှု အားနည်းသွားမည်စိုး၍ ရေးသားပါသည်။ ထို့ကြောင့်… ဥပဂုတ္တမှာ အမှန်တကယ်မရှိ၊ ဘိုးတော် နှင့် နတ် တို့အား ကိုးကွယ်မှုများမှာ ဗုဒ္ဓ၀ါဒအားယုံကြည်မှုတွင် မပါဟု ရေးခဲ့ပါသည်။ အခုလည်း ထပ်မံ၍ reference တစ်ခုကို တင်ပြချင်ပါသည်။ အရှင်ဇ၀န ရဲ့ “မျက်ရည်မကျခင်သိစေချင်” ဆိုတဲ့ စာအုပ်ထဲက စာသားလေးပါ။ အဲဒီ့စာအုပ်ရဲ့ အခန်း(၄) “အားကိုးရာအမှန်” အပိုင်းမှ စာသားလေးကို တင်ပြလိုက်ပါသည်။

သရဏဂုံ ညစ်နွမ်းကြောင်းသုံးမျိုးရှိ၏။ မူလပဏ္ဏာသအဋ္ဌကထာ၌
အဉာဏသံသယမစ္ဆာဉာဏ ဒီဟိသံကိလိဿတိ ဟူ၍ ဖွင့်ပြသည်။
အဉာဏ - ရတနာသုံးပါးအပေါ် သေချာကျနစွာမသိခြင်း
သံသယ - ရတနာသုံးပါးအပေါ်မှာ ယုံမှားလာခြင်း
မိစ္ဆာဉာဏ - ရတနာသုံးပါးအပေါ်၌ မှားယွင်းသော အယူအဆ ဖြစ်ခြင်း
၎င်းသုံးမျိုးတွင် အဉာဏ၊ သံသယ နှစ်ပါးတို့ကို ရတနာသုံးပါးအကြောင်းသိအောင် အားထုတ်ရင်း ပယ်ဖျောက်ရသည်။
မိစ္ဆာဉာဏ ကို ရတနာသုံးပါးအပေါ် သဒ္ဓါတရားယုံကြည်ဉာဏ်ကို ခိုင်ခိုင်မာမာထားပြီး ပယ်ဖျောက်ရသည်။ ထို့ကဲ့သို့ မပယ်ဖျောက်နိုင်လျှင် အပြစ်ရှိသောသရဏဂုံ (သရဏဂုံပျက်စီးခြင်း) သို့ ရောက်ရတော့သည်။

သရဏဂုံပျက်စီးခြင်းနှစ်မျိုး

“ကာလကိရိယာ ဘေဒေါအန၀ဇ္ဖဘေဒေါတိ ၀ုစ္စတိ
အည သတ္ထာရာဒီသု အဟံအတ္ထာနံ ပရိစ္စဇာမီတိ
ဧ၀ံ အညသတ္ထာ ရုဒ္ဒေသ၀သေန
သရဏဂမနဿဘေဒေါ ၀ုစ္စတိ”

ဟု မူလပဏ္ဏာသ အဋ္ဌကထာ၌ ဖွင့်ပြထားသည်။ အဓိပ္ပာယ်မှာ
သေဆုံး၍ သရဏဂုံပျက်ခြင်းသည် အပြစ်မရှိသော ပျက်စီးခြင်း
ဘုရား၊ တရား၊ သံဃာ မှတစ်ပါး အခြားဘိုးတော်၊ မယ်တော်၊ နတ် စသည်တို့ ၌ တပည့်တော်၏ အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းပါ၏။ ဤသို့ တခြားမှာ ဆရာရှာပြီး ကိုးကွယ်သဖြင့် သရဏဂုံပျက်ခြင်းသည် အပြစ်ရှိသော အကုသိုလ်ဖြစ်သော သရဏဂုံပျက်စီးခြင်းဖြစ်သည်။

အထက်ပါအတိုင်း စာမျက်နှာ (၆၃) တွင် ဖော်ပြထားပါသည်။
ထိုစာသားကိုထောက်၍ ဘုရား၊ တရား၊ သံဃာ မှတပါး အခြားကိုးကွယ်စရာ မရှိတော့ပါ၊ အခြား အားကိုးစရာမရှိတော့ပါ။ တနည်းအားဖြင့် ရတနာသုံးပါးမှတပါး အခြားအရာများကို ရှိခိုး ကန်တော့ခြင်း မပြုသင့်ပါ။ ရှိခိုးကန်တော့ လိုက်ခြင်းသည်လည်းပဲ မိမိ၏စိတ်မှ အားကိုးချင်စိတ်လေး ဖြစ်လာ၍ ကန်တော့လိုက်ခြင်းလို့ ပြောလို့ ရပါသည်။ ထိုအားကိုးချင်စိတ်လေးကပင် ဘုရား၊ တရား၊ သံဃာ အပြင် အခြားအား ယုံကြည်မိလိုက်ခြင်း ဖြစ်မည် ထင်ပါသည်။ အမှန်တကယ်မှာတော့ ကံကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဘုန်းကံကြီးမားချင်လို့ပဲ ဖြစ်ဖြစ် အားကိုးယုံကြည်ရမည်မှာ ရတနာသုံးပါးပဲ ရှိသည်ဟု အပြီးတိုင် လက်ခံထားရမည် မဟုတ်ပါလား။ အခြားအရာများအား ရှိုခိုးကန်တော့လိုက်ခြင်းသည် တနည်းအားဖြင့် ရတနာသုံးပါးအား အပြည့်အ၀ မယုံကြည်သေးဘူးလို့လည်း ပြောနိုင်ပါမည်။ ထို့ကဲ့သို့ အခြားအရာများကို ရှိခိုးကန်တော့ မိသွားလျှင် မိမိ၏ သရဏဂုံသည် ညစ်နွမ်းခြင်းကစ ပျက်စီးခြင်းသို့ မသိမသာ ဦးတည်နေပါမည်။ ရတနာသုံးပါးမှတပါး အခြားအရာများကို ထပ်ဆောင်းကိုးကွယ်လာလေလေ အယူမှားခြင်းသို့ ရောက်သွားလေလေ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော် အရင် ပို့စ်တွေမှာ ရတနာသုံးပါးကိုသာ အဓိကထားပြီး အခြားသော ယုံကြည်မှုများ မဖြစ်လာစေရန်ရေးသားခဲ့ပါသည်။
အရှင်ဇ၀န ၏ စာအုပ်လေးကို တင်ပေးလိုက်ပါသည်…(စာမျက်နှာ ၆၃ တွင် ဖတ်ရှုနိုင်ပါသည်။)
ashinzawana
Download

Friday, November 20th, 2009 | Author: admin

buddha

ဘဂ၀ါ ဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. ဘုန်းကံကြီးမားတော်မူသော မြတ်စွာဘုရား
  2. ကိုယ်တော်ကို အဏုမြူမှုန့်မျှ အလွန်ငယ်အောင် ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  3. ကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော “လဃိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  4. ကိုယ်တော်ကို ပကတိ အနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  5. ကြွတော်မူလိုရာ အရပ်သို့ ဆီးတားကွယ်ကာခြင်း မရှိ တစ်ခဏချင်း ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  6. အဆင်းအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်သော “ပါကမ္မ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  7. စိတ်တော်ကိုလည်းကောင်း၊ များစွာသော သတ္တ၀ါတို့ကို လည်းကောင်း အုပ်စိုးနိုင်သော “ဤသိတာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  8. ဈာန်သမာပတ် အဘိညာဉ်ကို တစ်ခဏချင်း ၀င်စားနိုင်သော “၀သိတာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  9. ဈာန်ဝင်စားခြင်း၊ ကောင်းကင်ပျံကြွခြင်း စသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် အလိုရှိရာ ခဏ၌ ပြီးစေနိုင်သော “ယတ္တကာမာဝသာယိတာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  10. “ဣဿရိယ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  11. တစ်ထောင့်ငါးရာ ကိလေသာ တို့ကို ပယ်ရှားသုတ်သင်နိုင်သော “ဓမ္မ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  12. စကြ၀ဠာ တစ်သောင်းတိုင်အောင် ဂုဏ်သတင်း ပျံ့နှံ့ ကျော်စောနိုင်သော “ယသ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  13. လွန်စွာ သပ္ပာယ် ကျက်သရေရှိသည်ဟူသော “သိရီ” ဘုန်းတော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား
  14. လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ထက် ကျက်သရေ သာလွန် တင့်တယ်တော်မူပါပေသော မြတ်စွာဘုရား
  15. ရှု၍ မငြီးအောင် ထူးထူးခြားခြား ကျက်သရေ ဖြင့် တင့်တယ်တော်မူပါပေသော မြတ်စွာဘုရား
  16. အစဉ်မပျက် ဖူးမြော် အာရုံပြုထိုက်သော ကျက်သရေတော် အရှင် ဗုဒ္ဓ မြတ်စွာဘုရား
  17. အလိုတော် ရှိလေသမျှ လုံးဝဥဿုံ ပြီးစီးနိုင်သော “ကာမ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  18. လုံ့လ ၀ီရိယအား ကောင်းသော “ပယတ္တ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
  19. ဘုန်းတော် ခြောက်ပါးနှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား

ဘုန်းတော် ခြောက်ပါး

  1. ဣဿရိယ ဘုန်းတော်
    1. အဏိမာ ဘုန်းတော်
    2. လဃိမာ ဘုန်းတော်
    3. မဟိမာ ဘုန်းတော်
    4. ပတ္တိ ဘုန်းတော်
    5. ပါကမ္မ ဘုန်းတော်
    6. ဤသိတာ ဘုန်းတော်
    7. ၀သိတာ ဘုန်းတော်
    8. ယတ္တကာမာဝသာယိတာ ဘုန်းတော်
  2. ဓမ္မ ဘုန်းတော်
  3. ယသ ဘုန်းတော်
  4. သိရီ ဘုန်းတော်
  5. ကာမ ဘုန်းတော်
  6. ပယတ္တ ဘုန်းတော်

(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၆၈ မှ ပွားများထားသည်။)

Thursday, November 19th, 2009 | Author: admin

buddha

ဗုဒ္ဓဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်းသိစေတော်မူနိုင်သော မြတ်စွာဘုရား
  2. သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူသလို သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား
  3. သစ္စာလေးပါး တရားတော်များဖြင့် ဟောပြောဆုံးမပေးသော မြတ်စွာဘုရား
  4. သတ္တ၀ါအပေါင်းတို့အား အကျင့်ကောင်းအကျင့်မြတ်များကို သိကြဖို့ရာ ညွှန်ပြဆုံးမပေးနိုင်သော မြတ်စွာဘုရား
  5. မဂ္ဂင်လမ်းကြောင်းမှန်ကို ညွှန်ပြ ပေးတော်မူနိုင်သော မြတ်စွာဘုရား
  6. သတ္တ၀ါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်း တရားမြတ်များကို ဟောပြဆုံးမပေးတော်မူသော မြတ်စွာဘုရား
  7. နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကိုသတ္တ၀ါအပေါင်းတို့အား သိကြဖို့ရာ ညွှန်ပြပေးတော်မူသော မြတ်စွာဘုရား
  8. သစ္စာလေးပါးကို သတ္တ၀ါတို့အား ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူသော မြတ်စွာဘုရား

(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၅၃ မှ ပွားများထားသည်။)