Friday, March 12th, 2010 | Author:
admin
Myanmar Blogger Society ဆိုက်ဒ်မှာ ဘလော့ဘ်ဂါတစ်ယောက်ပေါ့လေ..၀င်ရောက်မေးထားတဲ့မေးခွန်းနဲ့ ပက်သက်ပြီး..ပြန်လည် ဖြေကြားတဲ့သဘောနဲ့ အခု ပို့စ်ကို ကျွန်တော်ရေးလိုက်ပါတယ်…
သူသံသယဖြစ်တဲ့ မေးခွန်းကတော့..
ဘုရားရှင်တွေ တိုးတက်တဲ့.ဒီဘက်ခေတ်မှာ ဘာလို့ မပွင့်တာလဲ..လို့ မေးထားတာပါ။..
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဗုဒ္ဓ၀င် တရားလေးကို နာဖြစ်ခဲ့ပါတယ်။ ဒီတရားလေး နာဖြစ်လိုက်ရင်..အဲသံသယကို ပြေလည်စေနိုင်ပါတယ်။..အခု အဲတရားလေးထဲက..ဆရာတော်ကြီး ဟောထားတဲ့ ဘုရားအလောင်းတော်ရဲ့ ဘုရားဖြစ်ဖို့ရန် ..ကြည့်ခြင်းကြီး (၅)ပါးကို ရေးလိုက်ချင်ပါတယ်။…
မြတ်စွာဘုရားအလောင်းတော်..သိဒ္ဓတ္ထ မင်းသားဘ၀သို့ မရောက်မီ..
တုသိတာနတ်ပြည်တွင် သေတကေတု နတ်မင်းကြီး..ဖြစ်နေခဲ့ပါတယ်။ သေတကေတု နတ်မင်းဟာ..လူပြည်မှာ. ဘုရားရှင် ဖြစ်ဖို့ ရန်အတွက် ကြည့်ခြင်းကြီး ၅ ပါးဖြင့် သုံးသပ်တော်မူခဲ့ပါတယ်။ ကြည့်ခြင်းကြီး ၅ ပါးကတော့..
ကာလ
ဒီပ
ဒေသ
ကုလ
မာတုအာယု
တို့ ဖြစ်ပါတယ်။
၁။ ကာလ
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မပိုသော ခေတ် ၊ နှစ် ၁၀၀ အောက်လည်း မကျသော ခေတ်ကာလကို သေသေချာချာ ရွေးချယ်တော်မူရပါတယ်။..
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မကအသက်ရှည်ကြပါက..လူတို့ လွန်စွာ ကျန်းမာ အသက်ရှည်ကြပြီး..ထိုသူတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဟောရင်လည်းပဲ ထိုသူတို့က..ဘယ်လိုမှ ယုံနိုင်ကြလိမ့်မည် မဟုတ်သောကြောင့်..ထိုလောက်အသက်ရှည်လွန်းသော ခေတ်ကာလ ကို ဘုရားရှင်တို့ မပွင့်ပါ။..ထိုကြောင့် လူ့သက်တမ်း နှစ် (၁၀၀၀၀၀) အောက် ခေတ်ကာလ ကို ရွေးတော်မူပါတယ်။
တဖန် လူ့သက်တမ်း နှစ် (၁၀၀) အောက်ရောက်သောခေတ်ကာလ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ။ နှစ် (၁၀၀) အောက် အသက်တိုလွန်းပါက..လူတို့ဟာ.ဒုစရိုက်လွန်စွာ ထူပြောပြီး မိုက်မဲလွန်းကြပါမယ်။ အဲလို မှောင်မိုက်လွန်းတဲ့ခေတ်ကာလ မှာ တရားအလင်းရောင်ထိုးပြရင်လည်း လူတွေက.ဘုရားရှင်ရဲ့ စကားကို..မသိနိုင်.မယုံနိုင် လက်ခံနိုင်ကြလိမ့်မယ်မဟုတ်သောကြောင့်. (၁၀၀) အောက်ရောက်သောခေတ်ကာလ အသက်တိုသော ခေတ်ကာလ ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ.။
ထို့ကြောင့် လူ့သက်တမ်း နှစ် (၁၀၀) မှ စ၍ နှစ် (၁၀၀၀၀၀) အောက်..ကာလ..လူ့သက်တမ်း မရှည်လွန်းသောကာလ..မတိုလွန်းသော ကာလ အလယ်အလတ် ခေတ်ကာလကို သာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။ ထိုကာလတွင် လူတို့ဟာ ချမ်းသာ တလှည့် ဆင်းရဲတလှည့် ကောင်းတလှည့် ဆိုးတလှည့် ဖြစ်နေကြပြီး..ထိုကာလတွင် တရားပြပါက.သတ္တ၀ါဝေနေယျ တို့ဟာ..နားလည်နိုင်တယ်..တရားထူးရနိုင်တယ်..တရားတော်ပိုပြီး..ကျယ်ပြန့်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ထို ကာလကိုသာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။
၂။ ဒီပ (ကျွန်း)
တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကိုသာ ဘုရားပွင့်ဖို့ရန်အတွက် ရွေးချယ်တော်မူပါတယ်။
မြင့်မိုရ်တောင်ကို အလယ်ဗဟိုထားပါက..အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း တို့ရှိကြတယ့် အထဲမှာမှ.. အရှေ့ကျွန်းမှာလည်း ဘုရားမပွင့်..အနောက်ကျွန်းမှာလည်း ဘုရားမပွင့်.မြောက်ကျွန်းမှာလည်း ဘုရားမပွင့်ဘဲ တောင်ကျွန်း၌ သာ ဘုရားပွင့်ခြင်းဖြစ်ပါတယ်။
၃။ ဒေသ (အရပ်)
အထက်ပါ..တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကြီးရဲ့ အလယ်ဗဟိုဒေသ(မဇ္ဈိမ ဒေသ)အရပ်.ကိုသာ ဘုရားပွင့်ရန် ထပ်မံ ရွေးချယ်တော်မူပါတယ်။
အစွန်အဖြားကျသော ဒေသဆိုလျင် ပညာနည်းမည် အသိဥာဏ်နည်းမည်..ဖြစ်ခြင်းကြောင့် အစွန်အဖြား ဒေသမှာ မပွင့်ဘဲ အလယ်ဒေသဖြစ်သော မဇ္ဈိမ ဒေသကိုသာ ရွေးချယ်တော်မူပါတယ်။ မဟာဗောဓိပင်ကို အလယ်ဗဟိုထားပြီး အရှေ့ ၊အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ယူဇနာ (၉၀၀) အကျယ်အ၀န်းရှိသော ဒေသသည် မဇ္ဈိမ ဒေသ ပင်ဖြစ်ပါတယ်။ မဟာဗောဓိပင်ကြီးဟာ အလယ်ဗဟို အကျဆုံးနေရာပါ။ ဘုရားရှင်တို့ဟာ.. အလယ်ဗဟိုကျသော ဒေသမျိုးကိုသာ ဘုရားဖြစ်ဖို့ လောကအကျိုးစီးပွားဆောင်ရွက်ဖို့ ..ရွေးချယ်တော်မူပါတယ်။
၎။ ကုလ (အမျိုး)
မြင့်မြတ်သော ခတ္တိယအမျိုး (မင်းမျိုး) ၌သာ..ဘုရားပွင့်ရန် လောကအကျိုးစီးပွားဆောင်ရွက်ဖို့ ရွေးချယ်တော်မူပါတယ်။
ဘုရားရှင် ဖြစ်မည့် လူသားဟာ. လူသားတော့လူသားပါပဲ..ဒါပေမယ့် မဟာလူသား ဖြစ်ပါတယ် ဒါကြောင့် သာမာန်အမျိုး..မမြတ်မြတ်တဲ့အမျိုးမှာ ဘုရားမဖြစ်ပါဘူး..ဘုရားဖြစ်မည့် အမျိုးဟာ.
လူတကာတို့ အလေးအမြတ်ပြုသော အမျိုး ဖြစ်ရမည်
အမျိုးမပြတ်သော အမျိုး ဖြစ်ရပါမယ်..
ဒါကြောင့် တန်ခိုးအာဏာကြီးသော မြင့်မြတ်သော ခတ္တိယ အမျိုး၊ ထို ခတ္တိယ အမျိုးမှာမှ..အမျိုးသန့်သော မပြတ်သော သာကီယအမျိုး ၌သာ. ဘုရားဖြစ်ရန်လောကအကျိုးစီးပွားဆောင်ရွက်ဖို့ရန်. ရွေးချယ်တော်မူပါတယ်။
၅။ မာတုအာယု (မယ်တော့်အသက်)
မိခင်ဖြစ်မယ့်သူရဲ့ အသက်အရွယ်ကို ရွေးခြင်းဖြစ်ပါတယ်။
မိခင်ဖြစ်မည့်သူသည် (၁၀)လ နှင့် (၇)ရက်သာ အသက်ကြွင်းမယ့် သီလစင်ကြယ်သော သူကိုသာ ရွေးချယ်တော်မူပါတယ်။ မိခင်မယ်တော်ဖြစ်မည့်သူဟာ သဘာဝအလျောက်..နောက် (၁၀လ နှင့် ၇ရက်) မှာ သေမည့် သူသာ ဖြစ်ရပါမယ်..ဘုရားအလောင်းတော် ၀င်လာလို့ သေပေးရတဲ့ သဘော(လုံးဝ) မဟုတ်ပါ။ သူရဲ့ သဘာဝအလျောက် အဲကာလကြာရင်..သေမယ့်..အသက်အရွယ်ရှိသော.သူကိုသာ သေချာ စောင့်ပြီး ရွေးချယ်ခြင်းမျိုးဖြစ်ပါတယ်။ မိခင်ဖြစ်မည့်သူ၏ ၀မ်းကြာတိုက်ဟာ. ရှိခိုးထိုက်လောက်အောင်..အလွန်မြင့်မြတ်ပါတယ်။ ရှိရှိသမျှ မိခင်တွေထဲမှာ..အမြတ်ဆုံးမိခင် ဖြစ်မယ့်သူပါ။အဲလို..မြင့်မြတ်မယ့်.. ၀မ်းကြာတိုက်မှာ..ဘုရားအလောင်းတော်သာလျင် ပဋိသန္ဓေ ယူထိုက်ခြင်းဖြစ်ပါတယ်။ ဘုရားမဖြစ်မည့် သူနောက်တစ်ယောက်ဟာ.ဒီဝမ်းကြာတိုက်မှာ မကိန်းကောင်းပါဘူး..တစ်ခေတ်ထဲမှာ လည်းပဲ ဘုရားဆိုတာ..တစ်ဆူပဲ ပွင့်တာဖြစ်ခြင်းကြောင့် မိခင်ဖြစ်မည့်သူဟာ.. (၁၀လ နှင့် ၇ရက်)သာ အသက်ကြွင်းမယ့် သူဖြစ်ပြီး..ထိုသူ၌သာလျင် ပဋိသန္ဓေယူဖို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။
—————————————–
အထက်ပါ..အကြောင်းအရာကတော့ ဘုရားအလောင်းတော် ပွင့်မည့် လောကအကျိုးစီးပွားဆောင်ရွက်မည့်. ခေတ်ကာလ ဒေသ..စတဲ့..ငါးပါးကို ညီညွတ်စွာ သေသေချာချာ ရွေးချယ်ခြင်းပါပဲ..အထက်ပါ..ခေတ်ကာလကလွဲလို့ ဘုရားရှင်များမပွင့်ပါ..ဒီလို ကြည့်ခြင်းကြီး ငါးပါးနှင့် ညီညွတ်သော ခေတ်ကာလ.ဒေသ အမျိုး..များ၌သာ ပွင့်ခြင်းဖြစ်ပါတယ်..
ယခုခေတ်ကာလကတော့..သက်တမ်း နှစ် (၁၀၀) အောက်မှာရှိပါတယ်..လက်ရှိ life expectancy အများဆုံးနိုင်ငံဂျပန်တောင်မှပဲ..၈၆လောက်ပဲရှိပါတယ်..ကျန်တဲ့နို်င်ငံတွေဆိုတာ အတော်နည်းကြပါတယ်.(life expectancy table , wikipedia. )
အဲတော့ အခုခေတ်ဟာ.နည်းပညာတွေ တိုးတက်နေလည်းပဲ…လောဘ ဒေါသ မောဟတွေ ထူပြော..ဒုစရိုက်တွေ ထူပြောနေတဲ့ခေတ်ဖြစ်နေတဲ့အတွက်.ဘုရားရှင်တို့ မပွင့်နိုင်ပါဘူး..မိမိကိုယ်တိုင်..ခန့်မှန်းကြည့်လည်းပဲ သိနိုင်ပါတယ်..
အခုခေတ်မှာ.မြတ်ဗုဒ္ဓဘုရားရှင်ထားခဲ့တဲ့.အနိစ္စ ဒုက္ခ အနတ္တ ကောင်းပေ့ဆိုတဲ့ တရားတွေဟာ ရှိနေပါလျက်နဲ့..ကျွန်တော်တို့ မြန်မာမှာပဲ နားလည် လက်ခံ သူများနေတာပါ..ကျန်တဲ့ နားမလည်တဲ့နိုင်ငံတွေဆိုတာ အများကြီးပါ..
အထက်ပါ..ဘုရားရှင် ပွင့်နိုင်မယ့် ကာလ၊ ဒေသ၊ အရပ်၊ အမျိုး၊ မိခင်အသက် တွေ လေ့လာခြင်းအားဖြင့်..ဘုရားရှင် ပွင်မယ့်ခေတ်ကို နားလည်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်..အဲ အချက် ငါးပါးနဲ့ ပြည့်စုံ ညီညွတ်နေမှသာ လောကအားလုံးရဲ့ ပူဇော်အထူးခံထိုက်တဲ့ သုံးလောက ထွဋ်ထား မြတ်ဗုဒ္ဓ ဘုရားရှင်ဟာ ပွင့်ပါတယ်လို့…ဖြေလိုက်ပါတယ်။…
အထက်ပါ ရေးတဲ့ စာသားများကတော့
သီတဂူဆရာတော်ဘုရားကြီး..၁၃၄၃ ခုနှစ် ကဆုန်လဆန်း (၁၅) ရက်တုန်းကဟောတဲ့ ခုနှစ်နေ့ ဗုဒ္ဓ၀င်တရားတော်မှ..ကောက်နုတ်ရေးထားတာဖြစ်ပါတယ်။ ထိုတရားကို dhammaweb.net ကနေဒေါင်းလုပ်ချနာနိုင်ပါတယ်..
ဆန်းကိုဦး
Wednesday, March 10th, 2010 | Author:
admin
ဒီနေ့ ဆရာတော်ဦးကောသလ္လ ရဲ့ ၂၀၀၆ ခုနှစ်က.ဟောထားတဲ့.ပဋ္ဌာန်းတရားတော်ကို နာဖြစ်ပါတယ်..
မှတ်သားစရာတွေ ရလိုက်ပါတယ်..ဒါနဲ့..
ဆရာတော်ကြီး..အရှင်ဇနကာဘိဝံသ ရဲ့..အခြေပြုပဋ္ဌာန်း အီးဘွတ်လေးကို ခဏလောက် ဖွင့်ကြည့်ဖြစ်လိုက်တယ်..
အဲစာအုပ်ထဲက..စာပိုဒ်လေး တခုက.အရမ်းကို ထိမိပြီး..ကြည်ညိုဖွယ်ကောင်းတဲ့အတွက်..ဘလော့ဘ်ပေါ်ကို..
ချက်ချင်းပဲတင်ချင်စိတ်ဖြစ်သွားတယ်..
အဲစာပိုဒ်လေးက..မြတ်ဗုဒ္ဓ ရဲ့..သဗ္ဗညုတဉာဏ်တော်ကြီးကို ပူဇော်ထားတာပါ..ဖတ်ကြည့်လိုက်ရုံနဲ့တင်..
ဘုရားရှင်ကို ကြည်ညိုစိတ်တွေ တိုးပွားနိုင်တဲ့အတွက်ကြောင့်…မဖတ်မိဖူးတဲ့သူများ..ဖတ်ဖြစ်သွားအောင်..
ပြန်ရေးလိုက်တာပါ..
ကျက်မှတ်ထားစရာလည်းကောင်းသလို..ဘုရားရှိခိုးတဲ့အခါ..ထည့်သွင်းပြီး..မြတ်ဗုဒ္ဓကို.. ပူဇော်မယ်ဆိုရင်..
နေ့တိုင်း ကြည်ညိုစိတ်တွေတိုးပွားနိုင်ပါတယ်…
သဗ္ဗညုတဉာဏ်တော်စွမ်းအား “ပူဇော်”
သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်,
အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
သိသည့်တရား, အများအပြား၌, ဟောထား
စဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်,
အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒ စရိုက်,
သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်,
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
သဗ္ဗဉ် ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများဝေနေ,
ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်,
ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်,
စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင်
ငါတို့ဘုရားတည်း။
စာ၃၃-အခြေပြုပဋ္ဌာန်း- အရှင်ဇနကာဘိဝံသ
အရှေ့က..ကျွန်တော်ရဲ့ ပို့စ်မှာလည်း ဘုရားရှင်သဗ္ဗညုဉာဏ်တော်စွမ်းအား သုံးပါးကို ရေးထားခဲ့ပါသေးတယ်..
အခု စာပိုဒ်လေးယှဉ်ကြည့်ခြင်းအားဖြင့် ပိုပြီး မှတ်ရလွယ်သွားပါလိမ့်မယ်။
Saturday, March 06th, 2010 | Author:
admin
သူငယ်ချင်းတစ်ယောက်ဆီက..မြတ်ရတနာ ပုံပြတရားစာအုပ်လေးကို ခဏ ငှားဖတ်ခဲ့ပါတယ်။..ဒါနဲ့.အွန်းလိုင်းပေါ်တင်လိုက်ရင် ..အားလုံး..ဖတ်ရှုခွင့်ရရှိစေဖို့..ဒီစာအုပ်လေးကို scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်။..ရုပ်ပုံပန်းချီများ..လယ်တီဆရာတော်ရဲ့..ဘုရားရှိခိုးစာပုဒ်များ.
.ဗုဒ္ဓ၀င်အကြောင်းအရာများပါဝင်ပြီး..နောက်ပိုင်းမှာလည်း..
ရတနာသုံးပါးရဲ့ ဂုဏ်တော်များ ပါဝင်တဲ့အတွက်..ဖတ်ရှုလို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ…
ဒေါင်းလုပ်..
(from www.adrive.com)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
(OR)
(from ifile.it)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
သုံးပိုင်းလုံး ဒေါင်းပြီးပါက..ပြန်join ပေးဖို့လိုပါမယ်..
FFSJ Splitter & Joiner
Download FFSJ
Saturday, February 27th, 2010 | Author:
admin
ကျွန်တော် ပို့အသစ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။.ဟိုဟိုဒီဒီ အလုပ်များနေတာနဲ့ပဲ အသစ်မရေးဖြစ်ခဲ့ပါဘူး။ ကျွန်တော့် ဘလော့ဘ်ကို လာလည်သော မိတ်ဆွေများအားလုံး..ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
အခုတော့ ကျွန်တော် ပို့စ်လေးအသစ်တခုတော့ ရေးလိုက်ပါတယ်။..
အခုတလောတော့ အင်တာနက်မှာ..အဓမ္မ၀ါဒီ(မိုးပြာ)အကြောင်းကိုလည်းကောင်း.တရားကို အဆန်းထွင်နေတဲ့ လုပ်ရပ်များအကြောင်းကိုလည်းကောင်း..ကြားမိဖတ်မိပါတယ်။
အခု ကျွန်တော်ရေးမှာကတော့ အဆိုပါ.အဓမ္မအတွေးများ မိမိမှာ..မကူးစပ်စေဖို့အတွက် အထောက်အကူပြုပို့စ်အတိုလေးတခုပါ။
တနေ့က..အရှင်ဆေကိန္ဒ(ဓမ္မဒူတ)တရားလေးတစ်ပုဒ် နာဖြစ်ခဲ့ပါတယ်။..
တရားတော်အမည်…….နေစဉ်အလုပ် နေ့စဉ်အလုပ်
နေ့ရက်………………ဂျူလိုင်၊ ၂၀၀၉
အဆိုပါ တရားတော်ထဲက..ဆရာတော်မှာကြားချက်လေးကတော်တော်လေး ကောင်းလို့ ကျွန်တော်မျှဝေလိုက်ပါတယ်။
…
ဘုရားဟောတရားများမှာ..
၁) တိုက်ရိုက်ဟောခြင်းနည်း
၂) သွယ်ဝှက်ဟောခြင်းနည်း..ဆိုပြီး (၂)မျိုးရှိပါတယ်။
တိုက်ရိုက်ဟောထားခြင်းကို..သွယ်ဝှက်ပြီး နားလည် လက်ခံနေရင်..အဓမ္မဖြစ်ပါလိမ့်မယ်။.
သွယ်ဝှက်ဟောထားခြင်းကို..တိုက်ရိုက်ချည်း နားလည် လက်ခံနေရင်လည်း..အဓမ္မဖြစ်ပါလိမ့်မယ်။..
ဥပမာပြောရရင်..
ဘုရားရှင် သွယ်ဝှက်ဟောတဲ့…
အမေကို သတ်ရင်၊ အဖေကို သတ်ရင်..နိဗ္ဗာန်ကိုရောက်မယ်။..
ဒါဟာ ဆိုရင် သွယ်ဝှက်ဟောထားတာပါ။.သွယ်ဝှက်ပြီးပြောထားမှန်း မသိတဲ့သူကြတော့ တကယ်ပဲ အမေ ၊ အဖေ သတ်ရင် နိဗ္ဗာန်ရောက်မယ်လို့ ယူလိုက်ရင် အဓမ္မဖြစ်သွားမှာပါပဲ..
တကယ်တော့..
အမေ = တဏှာ
အဖေ = အ၀ိဇ္ဖာ ဖြစ်ပါတယ်။..
ဆိုလိုတာက..အ၀ိဇ္ဖာ နဲ့ တဏှာ(ကိလေသာ) ကို ပယ်သတ်ရင် နိဗ္ဗာန်ချမ်းသာ ရမယ်လို့ ဆိုလိုတာပါ..
ဆရာတော် တရားထဲမှာ သေချာမှာထားတာကတော့..
သွယ်ဝှက်ဟောခြင်းများကို သွယ်ဝှက်သဘောနဲ့ လက်ခံနားလည်ဖို့ နဲ့..
တိုက်ရိုက်ဟောခြင်းများကို တိုက်ရိုက်သဘော လက်ခံနားလည်ဖို့..မှာထားပါတယ်။
ဘုရားရှင် တိုက်ရိုက်ဟောတဲ့တရား တချို့ကို သိထားရအောင် ပြောရမယ်ဆိုရင်..
ဓမ္မစက္ကပ္ပ၀တ္တန သုတ္တန်
အကျဉ်းဟော
တိုက်ရိုက်ဟော
မဟာသတိပဋ္ဌာန သုတ္တန်
အလယ်အလတ်ဟော
တိုက်ရိုက်ဟော
သာမညဖလ သုတ္တန်
အကျယ်ဟော
တိုက်ရိုက်ဟော
ဒါကတော့ အဘယ်တရားဆိုတာ တိုက်ရိုက်ဟောတာမျိုးလည်း သိရအောင် ဖော်ပြခြင်းပါ။..
နောက်..ဆရာတော်မှာကြားချက်လေးကတော့….
သစ္စာ
လုပ်ငန်း
ဒုက္ခသစ္စာ
ပိုင်းခြားသိ
သမုဒယသစ္စာ
ပယ် (ကိလေသာ)
မဂ္ဂသစ္စာ
ပွား (မဂ္ဂင်)
နိရောဓသစ္စာ
မျက်မှောက်ပြု/ဆိုက်ရောက်
ဒုက္ခသစ္စာ မှန်သမျှကို ပိုင်းခြားသိရမှာဖြစ်တဲ့အတွက် သူအတွက် လုပ်ပေးရမယ့် တာဝန်က..ပိုင်းခြားသိဖို့ပါပဲ..
ပယ်ဖို့ မဟုတ်ပါဘူး..ပွားဖို့လည်း မဟုတ်ဘူး..ဆိုက်ရောက်ဖို့လည်း မဟုတ်ဘူး..ဒါကိုပယ်နေရင်..ပွားနေရင်..ဆိုက်ရောက်အောင်..လုပ်နေရင်..အဓမ္မဖြစ်သွားပါမယ်။..
အဲလိုပဲ..သမုဒယသစ္စာ(ကိလေသာ.) ကို လည်း ပယ်ကိုပယ်ရမှာမို့ သူ့ကို ပွားနေရင်လည်းကောင်း..ပိုင်းခြားနေရင်လည်းကောင်း..ပိုင်ဆိုင်ဖို့လုပ်နေရင်သော်လည်းကောင်း..အဓမ္မဖြစ်သွားမှာပါပဲ..
နိရောဓသစ္စာ (နိဗ္ဗာန်)ဟာလည်းပဲ ဆိုက်ရောက်ရမှာဖြစ်တဲ့အတွက်..သူ့ကို ဝေဖန်ပိုင်းခြားနေရင်…နိဗ္ဗာန်နဲ့ဝေးရာကိုရည်ရွယ်လုပ်နေရင်….အဓမ္မလမ်းပေါ်ရောက်နေမှာပါပဲ…
ဒါက..ဆရာတော်ဟောတဲ့ မှာကြားချက်ပါ…
________________________________
အဲတော့..ဒါတွေက..ဆိုင်ရာတာဝန်တွေပါပဲ..လေ..
တရားအကြောင်းတွေဆွေးနွေးတဲ့အခါ..နိဗ္ဗာန်ဆိုတာ တကယ်ရှိလို့လား..နတ်ပြည်ဆိုတာ တကယ်ရှိလို့လား..
ငရဲဆိုတာ တကယ်ရှိလို့လား..ဒါတွေပြောမေးလို့ အပိုပါပဲ ဘေးထွက်နေမှာပါပဲ..(ငရဲဆိုတာ တကယ်ရှိရဲ့လားဆိုပြီး..ဖိုရမ်တွေဟာလည်း တွေ့တွေ့နေရပါတယ်..)
နိဗ္ဗာန်ဆိုတာက..ဆိုက်ရောက်ရမှာဖြစ်တဲ့အတွက်..မရောက်သေးခင်..ဘာမှမလုပ်သေးခင်..ရှိရဲ့လား..ဟုတ်လို့လား..ဆိုပြီး..
ဝေဖန်နေရင်…လုပ်ငန်းစဉ်လွဲ..အဓမ္မပေါ်ရောက်သွားပါလိမ့်မယ်..
သစ္စာနဲ့ ထိုသစ္စာအတွက်လုပ်ရမယ့် လုပ်ငန်းစဉ်နဲ့ ကိုက်ညီနေသရွေ့တော့ ဓမ္မ၀ါဒပေါ်မှာ ကိုယ်ရှိနေမှာပါပဲ..
…..
သာသနာတော်မှာ အဓမ္မ၀ါဒများ ကင်းရှင်းပြီး…ဓမ္မ၀ါဒများ ကြာရှည်တည်တံ့ထွန်းကားပါစေ…
Saturday, January 30th, 2010 | Author:
admin
မဟာသက္ကရာဇ်အကြောင်းလေးကို နည်းနည်းလေး ရေးချင်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီး တရားကို နာဖြစ်ရင်း.မဟာသက္ကရာဇ်အကြာင်းလေးကို နာဖြစ်လိုက်လို့ ရှယ်လိုက်တာပါ။
တရားတော်အမည်……ကဆုန်လပြည့်နေ့တရား
အချိန်………………..၁၃၆၂ ခုနှစ်၊ ကဆုန်လဆန်း (၁၃)
နေရာ………………..ရန်ကုန်
Download Location:Dhamma web
သက္ကရာဇ်… ဆိုသည်မှာ….သက္က မင်းတို့ရေတွက်သောနှစ် ဖြစ်ပါတယ်။
သက္ကရာဇ် = သက္က + ရာဇာ(မင်း)
သက္က ရာဇာ ဆိုသည်မှာ ဘုရားရှင်၏ အမျိုးများကို ခေါ်ဝေါ်ပါတယ်။ (ဘုရားရှင် ကိုယ်တော်မြတ်၏ အမေမျိုး အဖေမျိုးတွေ အားလုံးပါဝင်ပါတယ်)
ကမ္ဘာဦးနှစ်ကို စပြီးရေတွက်သူကတော့ မဟာသမ္မတ မင်းကြီးဖြစ်ပါတယ်..
ကောလိယတိုင်း ဒေ၀ဒဟမြို့မှာ နန်းစိုက်သော အဉ္ဇနမင်းကြီးက..သူနန်းတက်တဲ့အခါ.. ကမ္ဘာဦးနှစ်တို့ကို ဖြိုလိုက်ပြီး….မဟာသက္ကရာဇ်ကို စတင်ရေတွက်လာခဲ့ပါတယ်။
အဆိုပါ အဉ္ဇနမင်းကြီးကတော့ …
ဘုရားရှင်၏ မယ်တော် …..မဟာမယာဒေ၀ီ ရဲ့ အဖေ ပဲ ဖြစ်ပါတယ်။
ဘုရားရှင်၏ ဖခမည်းတော်..သုဒ္ဓေါဒန မင်းကြီးရဲ့ အဖေက..သီဟဟနု မင်းကြီးဖြစ်ပါတယ်။
အဲတော့ ဘုရားရှင်ရဲ့ အမေဘက်က..အဘိုးဖြစ်သူ…အဉ္ဇန မင်းကြီးကနေ.မဟာသက္ကရာဇ် ကို စတင် ရေတွက်ခဲ့ပါတယ်။
ဆရာတော်ကြီးတရားနာလိုက်မှပဲ သက္ကရာဇ်မှာလည်း… သူ့အဓိပ္ပါယ်နဲ့ သူ ရှိတယ်ဆိုတာ သိတော့တယ်။
သက္ကရာဇ်ရဲ့ အဓိပ္ပါယ်ဟာ တော်တော်ကို အရေးကြီးတာပဲ။
သက္ကရာဇ်ကို ခရစ်နှစ်နဲ့ မရောသင့်ကြောင်း ဆရာတော်ကြီးတရားထဲမှာ ဟောထားပါသေးတယ်။
သက္ကရာဇ် (၂၀၁၀) ဆိုရင်…(မှားပါတယ်)
၂၀၁၀ ဆိုတာ ခရစ်နှစ် ဖြစ်တဲ့အတွက် ခရစ်နှစ်လို့ပဲ ရှင်းရှင်းလင်းလင်းသုံးသင့်ပါတယ်..မရောသင့်ပါဘူး…
ဆရာတော်ကြီးရဲ့ တရားကို အောက်မှာ ကျွန်တော် တင်လိုက်ပါတယ်။ (တရားတပုဒ်လုံးက အရှည်ကြီးဖြစ်လို့ မဟာသက္ကရာဇ်အကြောင်းပြောတဲ့ အပိုင်းလေးကို ဖြတ်ဆက်ပြီး တင်ပေးလိုက်ပါတယ်)
နာဖြစ်အောင် နာကြည့်ကြပါခင်ဗျား…………
Wednesday, January 27th, 2010 | Author:
admin
ဗောဓိညောင်ပင်အောက်မှာ..မြတ်ဗုဒ္ဓအလောင်းတော်မြတ်ရဲ့ “သမ္မာသမ္ဗုဒ္ဓအဖြစ်ကို ရအောင်ယူမည်” ဟု ခိုင်ခိုင်မြဲမြဲ ဆုံးဖြတ်တော်မူစဉ်က. အဓိဋ္ဌာန်တော်ကြီးကို english လိုစာသားလေးအဖြစ်နဲ့ ကြည်ညိုကြည့်ပါဦး..English နဲ့ Myanmar တွဲဖက်လိုက်တော့ ဗဟုသုတတွေတိုးပြီး မြတ်ဗုဒ္ဓကို အထူးပင်ထပ်၍ထပ်၍ ကြည်ညိုရအောင် ရေးသားလိုက်ပါသည်။ မြတ်ဗုဒ္ဓအကြောင်းလေးတွေ ပြန်ပြောင်းစဉ်းစားနေတာ ဗုဒ္ဓါနုဿတိ ပါပဲ။ လောကသုံးဘုံလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓကို လေးစားကြည်ညိုနေခြင်းက ရိုးအီ၍မသွားဘဲ အမြဲပဲ တိုးပွားနေပါတော့မယ်။…….
မြန်မာစာသား
ညောင်ပင်ရင်း၌ ထိုင်တော်မူကာ..အခုလို ဓိဋ္ဌာန်တော်မူပါသည်.
“အရိုးအကြောအရေမျှသာကျန်၍ အသားအသွေးတွေ ခြောက်သွားတန်လျှင် သွားပေစေတော့၊ ဗုဒ္ဓအဖြစ် မရောက်သမျှ ဤထိုင်နေခြင်းမှ မထတော့အံ့”
ဟု အဓိဋ္ဌာန်တော်မူလေသည်။(စာမျက်နှာ ၁၀၁၊ အနာဂတ်သာသနာရေး အရှင်ဇနကာဘိဝံသ)
In English
Crosslegged ascetic Gotama sat under a tree, which later became known as the Bodhi Tree, the “Tree of Enlightenment” or “Tree of Wisdom”, on the bank of the river Nerañjarā, at Gayā (now known as Buddhagayā), making the final effort with the inflexible resolution:
“Though only my skin, sinews, and bones remain, and my blood and flesh dry up and wither away, yet will I never stir from this seat until I have attained full enlightenment (sammā-sambodhi).”
Page-17, The Buddha, His Life and Teachings By Ven. Piyadassi, Thera (Sri Lanka)
Some Glossaries
ascetic (adj.) characterized by the practice of severe self-discipline. [oxford]
inflexible (adj.) unwilling to change; not able to be changed or adapted. [oxford]
resolution (n.) a firm decision (အဓိဋ္ဌာန်) [oxford]
sinew (n.) a strong band of tissue in the body that joins a muscle to a bone. [oxford]
wither away (v.) to become less or weaker, especially before disappering completely: [oxford]
Enlightenment (n.) ဗောဓိ (သမ္မာသမ္ဗောဓိ) [Eng-Pali-Myan Dict.]
Tuesday, January 26th, 2010 | Author:
admin
ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါပြတိုက်ရှိ ဗုဒ္ဓဆင်းတုတော်
[pic source: စာမျက်နှာ ၄၁၊ အရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်]
ဥရုဝေဠတော၌ ဘုရားလောင်းတော်သည် ဒုက္ကရစရိယာအကျင့် (superhuman effort) ကို ခြောက်နှစ်နီးနီးကျင့်ခဲ့သည်။ ထိုစဉ်က ကျင့်ခဲ့သော အကျင့်ကိုပင် အနသန၀တ္တ အကျင့်ဟုခေါ်သည်။
(အန်=မ ၊ အသန=မစားခြင်း ၊ ၀တ္တ=အကျင့်) (ဦးရွှေအောင်-ဗုဒ္ဓသို့အနှိုင်းမဲ့ စာ-၁၆)
သို့ပေမယ့် တရားထူးကို မရသေးပေ။ အလွန်အင်မတန်လည်း ပင်ပန်းဆင်းရဲခဲ့ပြီ။ (လောကတွင် မည်သူပဲဖြစ်ဖြစ် ဇွဲကြီးသည် ဆန္ဒပြင်းပြသည် ပြင်းထန်စွာ ကြိုးစားသည်ဆိုဦးတော့ ဘုရားအလောင်းတော်၏ ကြိုးစားအားထုတ်မှု လုံ့လ ၀ီရိယတို့ကိုကား တစ်ဦးတစ်ယောက်တစ်ပါးလေမျှ မယှဉ်နိုင်ပေ။) ဒုက္ကရစရိယာကျင့်စဉ်အတွင်း ဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်ကြီးနှင့်ဝေးနေခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော် သည် အောက်ပါအတိုင်း ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။
more…
Thursday, January 21st, 2010 | Author:
admin
[ pic source: စာမျက်နှာ ၆၁၊ ဂန္ဓာရသို့ခရီးတစ်ခေါက် - ဒေါက်တာအရှင်ဥာဏိဿရ ]
(အထက်ပါ ကျောက်ဆစ်ဆင်းတုတော်မှာ အထင်ရှားဆုံး ဘုရားအလောင်းတော်မြတ်၏ ဒုက္ကရစရိယာကျင့်တော်မူခြင်း ပုံတော်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် တည်ရှိသည်။ )
အရှင်ဇနကာဘိဝံသ ၏ ဘာသာသွေး စာအုပ်လေးမှ ဘုရားအလောင်းတော်မြတ်ရဲ့ ဒုက္ကရစရိယာကျင့်တော်မူခြင်း ကို ဖတ်ပြီး မြတ်ဗုဒ္ဓအား ပို၍ပို၍ ပင် ကြည်ညိုရပါသည်။ သဒ္ဓါတရား ယုံကြည်မှုများ ကျွန်တော် တိုးပွားမိပါသည်။ မိတ်ဆွေအပေါင်းတို့လည်း ဗုဒ္ဓရှင်တော်ရဲ့..ကြိုးစားအားထုတ်ခဲ့မှုများကို အမှတ်ရပြီး ကြည်ညိုနိုင်အောင် ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါသည်။ ထို ဒုက္ကရစရိယာကျင့်တော်မူခြင်းကိုဖတ်ခြင်းဖြင့်.. မြတ်ဗုဒ္ဓရဲ့ ကျွန်တော်တို့ အပေါ်၌ထားရှိခဲ့သော..စေတနာများကို ထင်ရှားစွာ သိနိုင်ပါသည်။ အမှန်တရားသစ္စာတရားမြတ်များကို ဟောပြောလိုသော.. သတ္တ၀ါဝေနေယျတို့အား.သိစေချင်သော..ဆန္ဒကြီးများသည် အလွန်ပင်ကြည်ညိုလေးစားဖွယ်ကောင်းပါတယ်။
သစ္စာလေးပါး = သနန္တရ (ထာဝစဉ်တည်ရှိနေသော ဓမ္မ)
[ဆရာကြီးဦးရွှေအောင် ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း စာ-၁၁]
သစ္စာလေးပါးမြတ်တရားများသည် ဘုရားမပွင့်သော်လည်းပဲ အစကတည်းက ရှိပြီးသားဖြစ်ပါသည်။ မြတ်ဗုဒ္ဓအလောင်းတော်မြတ် ထိုကဲ့သို့ ကြိုးစားအားမထုတ်ခဲ့လျှင် ကျွန်တော်တို့သည် ထိုတရားမြတ်များကို ဘယ်လိုမှမသိနိုင်ပေ အဘယ်သူမှ သင်မပြနိုင်ပါ ။ ထိုတရားမြတ်များ လုံးဝပင်မရှိဘူးဟု မှတ်ယူထားကြပါလိမ့်သည်။ မြတ်ဗုဒ္ဓသည် ထိုရှိနေပြီးသား အမှန်တရားမြတ်များကို သိသာအောင် ဖော်ဆောင်ပေးခဲ့သည်။ ဆရာကြီးဦးရွှေအောင်အဆိုပါစာအုပ်ထဲ၌ပင် မြတ်ဗုဒ္ဓဆိုသည်မှာ ၀ါဒအဟောင်းကို ဖော်ထုတ်သူ ဟုဖော်ပြထားသည်။ ထိုသစ္စာလေးပါးတရားများကို သတ္တ၀ါဝေနေယျတို့အား သိရှိစေရန် နာကြားခွင့်ရစေရန် ကျင့်သုံးခွင့်ရစေရန် အမှန်ပင်အေးမျှသောနိဗ္ဗာန်ပြည်သို့မျက်မောက်ပြုနိုင်ကြရန်…ဆောင်ကြဉ်းပေးနိုင်သော ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓသာလျှင်ဖြစ်ပေသည်။ ထိုကဲ့သို့ ဆောင်ကြဉ်းပေးနိုင်ရန် ဘုရားအလောင်းတော်သည်..အပင်ပန်းခံ အဆင်းရဲခံပြီး အောက်ပါအတိုင်း..ဒုက္ကရစရိယာကျင့်တော်မူခဲ့သည်။
more…
Wednesday, December 30th, 2009 | Author:
admin
ဒီပို့စ်ကတော့ အရှေ့က ပို့စ်ရဲ့ အဆက်လို့ဆိုနိုင်ပါတယ်။
မြတ်ဗုဒ္ဓ၏ သင်္ကေတအမှတ်အသားတို့ကို ဥဒ္ဒိဿကဘုရားများလို့ခေါ်ပါတယ်။
ဥဒ္ဒိဿကဘုရား ဆိုသည်မှာ ဘုရား၏ကိုယ်စားရည်မှန်းပူဇော်ဖို့ အမှတ်အသား ဖြစ်ပါတယ်။
ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၇၀၀ လောက် မှစတင်ပြီး ဗုဒ္ဓဆင်းတုတော်များထုလုပ်ကိုးကွယ်ကြတာပါ။ (စာမျက်နှာ ၂၁၈ သီတဂူဆရာတော်ဘုရားကြီးအရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်)။ ၎င်းမတိုင်မီက ဆင်းတုတော်များ ထုလုပ်ခြင်းမရှိသေးပဲ ဥဒ္ဒိဿကဘုရားအဖြစ်သာ ဗုဒ္ဓကို ကိုးကွယ်ခဲ့ကြပါတယ်။
ဥဒ္ဒိဿကဘုရားတွေရဲ့ အစပထမကတော့..အရှင်အာနန္ဒာဟာ..မြတ်စွာဘုရား ကျောင်းတွင် မရှိခိုက် ဘုရားကိုယ်စား ရည်မှန်း ပူဇော်ခွင့် ရအောင် မူလ မဟာဗောဓိပင်ကြီးမှ မျိုးကိုဆောင်ယူပြီး..ဗောဓိပင်ပွားကို ကောသလတိုင်း သာဝတ္ထိမြို့ရဲ့..ဇေတ၀န်ကျောင်းမှာ စိုက်ပျိုးခဲ့ပါတယ်။ အဲဒီဗောဓိပင်ကို အာနန္ဒာဗောဓိပင်လို့ခေါ်တွင်ပါတယ်။ ဒါကြောင့်..
မူလမဟာဗောဓိပင်ကြီး………..ပရိဘောဂစေတီ (ဘုရားမှီရာအသုံးအဆောင်)
အာနန္ဒာဗောဓိပင်……………..ဥဒ္ဒိဿကဘုရား၊ ဗောဓိပွား၊ စေတီပွား ..လို့ခေါ်ဆိုပါတယ်။
ဥဒ္ဒိဿကဘုရားအမှတ်အသားများကို State of Madhya Pradesh, India မှာရှိတဲ့ ဆန်ချီ (sanchi) ထူပါ(စေတီတော်)မှာ တွေ့နိုင်ပါတယ်။
ဆန်ချီစေတီတော်မုဒ်ဝရှိဥဒ္ဒိဿကဘုရားအမှတ်အသားများ(source: http://commons.wikimedia.org/wiki/File:Northern_Gate,_Sanchi_Stupa_built_in_3rd_century_BC.jpg)
more…
Cbox